တော​လည် 36:2-8 BJB

2 အကျွန်ုပ်တို့သခင်သည် စာရေးတံချသဖြင့်၊ ဣသရေလအမျိုးသားတို့အား ခါနာန်ပြည်ကို အမွေပေးစေခြင်းငှါ၎င်း၊ အကျွန်ုပ်တို့အစ်ကို ဇလောဖဒ်၏အမွေမြေကို သူ၏သမီးတို့အားပေးစေခြင်းငှါ၎င်း၊ ထာဝရဘုရားအမိန့်တော်ရှိပါ၏။

3 ထိုမိန်းမတို့သည်မိမိအမျိုးမှတပါး၊ အခြားသော ဣသရေလအမျိုးသားနှင့် စုံဘက်လျှင်၊ သူတို့အမွေမြေကို အကျွန်ုပ်တို့မိဘအစဉ်အဆက်အမွေမှနှုတ်၍ သူတို့ ဝင်သောအမျိုး၏ အမွေထဲ၌ပါသွားသဖြင့်၊ အကျွန်ုပ်တို့အမွေမြေသည် လျော့ပါလိမ့်မည်။

4 ဣသရေလအမျိုးသားတို့၌ ယုဘိလနှစ်ရောက်သောအခါ၊ သူတို့အမွေမြေသည် သူတို့ဝင်သောအမျိုး၏အမွေ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ်တို့၏ မိစဉ်ဘဆက်အမွေမှ အစဉ်နှုတ်လျက်ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။

5 ထိုအခါ မောရှေသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း၊ ဣသရေလအမျိုးသားတို့အား မှာထားလေသည်မှာ၊ ယောသပ်အမျိုးသားတို့၏ စကားသည် လျောက်ပတ်ပေ၏။

6 ဇလောဖဒ်သမီးတို့၏အမှု၌ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် အလိုရှိသောသူနှင့် စုံဘက်ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက်အမျိုးသားမှတပါး၊ အခြားသူနှင့် စုံဘက်ခြင်းကိုမပြုစေနှင့်။

7 ဣသရေလအမျိုးသားတို့၏အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ အသီးအသီး မိမိတို့မိစဉ်ဘဆက်အမွေမြေ၌ ေနရကြမည်။

8 ဣသရေလအမျိုးတစုံတမျိုး၌ အမွေမြေရှိသောမိန်းမသည် မိမိတို့ မိစဉ်ဘဆက် အမျိုးသားနှင့် စုံဘက်ရမည်။ ထိုသို့ ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိတို့ မိစဉ်ဘဆက်အမွေမြေကို ခံစားရကြမည်။