တော​လည် 36:5-11 BJB

5 ထိုအခါ မောရှေသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း၊ ဣသရေလအမျိုးသားတို့အား မှာထားလေသည်မှာ၊ ယောသပ်အမျိုးသားတို့၏ စကားသည် လျောက်ပတ်ပေ၏။

6 ဇလောဖဒ်သမီးတို့၏အမှု၌ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် အလိုရှိသောသူနှင့် စုံဘက်ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက်အမျိုးသားမှတပါး၊ အခြားသူနှင့် စုံဘက်ခြင်းကိုမပြုစေနှင့်။

7 ဣသရေလအမျိုးသားတို့၏အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ အသီးအသီး မိမိတို့မိစဉ်ဘဆက်အမွေမြေ၌ ေနရကြမည်။

8 ဣသရေလအမျိုးတစုံတမျိုး၌ အမွေမြေရှိသောမိန်းမသည် မိမိတို့ မိစဉ်ဘဆက် အမျိုးသားနှင့် စုံဘက်ရမည်။ ထိုသို့ ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိတို့ မိစဉ်ဘဆက်အမွေမြေကို ခံစားရကြမည်။

9 အမွေမြေသည် တမျိုးမှတမျိုးသို့မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေမြေ၌နေကြရမည်ဟု မိန့်တော်မူ၏။

10 ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ဇလောဖဒ်၏ သမီးမလာ၊

11 တိရဇာ၊ စောဂလာ၊ မိလကာ၊ နောအာတို့သည်ပြု၍၊ ဘကြီးသား၊ ဘထွေးသားတို့နှင့် စုံဘက်ကြ၏။