တော​လည် 4:1-7 BJB

1 တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊

2 လေဝိအမျိုး၊ ကောဟတ်အနွယ်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊ ပရိသတ်စည်းဝေးရာတဲတော်အမှုကိုဆောင်ခြင်းငှါ၊

3 အလုံးအရင်းဝင်သောသူအပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။

4 အလွန်သန့်ရှင်းသောအရာတို့နှင့်ဆိုင်၍ ပရိသတ်စည်းဝေးရာတဲတော်၌ ကောဟတ်သားများစောင့်ရှောက်ရသောအမှုဟူမူကား၊

5 တပ်ချီချိန်ရောက်သောအခါ၊ အာရုန်နှင့် သူ၏သားတို့သည်လာ၍၊ အတွင်းကုလားကာကိုချပြီးလျှင်၊ သက်သေခံချက်သေတ္တာကိုအုပ်ရမည်။

6 ကုလားကာအပေါ်မှာတဟာရှသားရေနှင့် အုပ်ပြန်၍ သားရေအပေါ်မှာလည်း ပြာသောအထည်ကိုခင်းပြီးမှ၊ ထမ်းဘိုးတို့ကိုလျှိုထားရမည်။

7 ရှေ့တော်မုန့်စားပွဲပေါ်မှာ ပြာသောအထည်ကိုခင်း၍၊ လင်ပန်း၊ ဇွန်း၊ လောင်းစရာဖလားများနှင့်တကွ၊ အမြဲထည့်ရသောမုန့်ကိုတင်ပြီးမှ၊