တော​လည် 4:17-23 BJB

17 တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊

18 ကောဟတ်အဆွေအမျိုးအနွယ်သားတို့ကို လေဝိသားစုထဲကမပယ်မဖြတ်နှင့်။

19 သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကိုချဉ်းကပ်သောအခါ သေဘေးလွတ်၍ အသက်ရှင်မည်ဖြစ်ကြောင်း အာရုန်နှင့် သူ၏သားတို့သည် အရင်ဝင်၍ လူအသီးသီးစောင့်ရသောအမှု၊ ထမ်းရသောဝန်တို့ကိုခွဲခန့်ရမည်။

20 သို့ရာတွင် သန့်ရှင်းသောအရာတို့ကိုဖုံးအုပ်စဉ်အခါ ကောဟတ်သားတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ အထဲသို့ဝင်၍မကြည့်ရဟု မိန့်တော်မူ၏။

21 တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

22 ဂေရရှုန်အနွယ်သားတို့တွင်၊ အသက်သုံးဆယ်လွန်၍ငါးဆယ်မမှီ၊

23 ပရိသတ်စည်းဝေးရာတဲတော်အမှုကိုဆောင်ခြင်းငှါ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို၊ ဘိုးဘေးအဆွေအမျိုးအလိုက် စာရင်းယူလော့။