တော​လည် 4:27-33 BJB

27 ဂေရရှုန်သားများအမှုစောင့်လေရာရာ၊ ဝန်ထမ်းလေရာရာ၌၊ အာရုန်နှင့် သူ၏သားတို့ ခွဲခန့်စီရင်သည်အတိုင်း ဆောင်ရွက်ရကြမည်။

28 ဤရွေ့ကား ပရိသတ်စည်းဝေးရာတဲတော်၌ ဂေရရှုန်အဆွေအမျိုးသားများ ဆောင်ရွက်ရသောအမှုပေတည်း။ ယဇ်ပုရောဟိတ်အာရုန်၏သားဣသမာသည် သူတို့ကိုအုပ်ရမည်။

29 မေရာရိသားတို့တွင်လည်း၊ အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊

30 ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။

31 သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်၌ စောင့်ရသောအမှု၊ ထမ်းရသောဝန်ဟူမူကား၊ တဲတော်ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်၊

32 ဝင်းတိုင်၊ ခြေစွပ်တံသင်၊ ကြိုးများတို့ကို၎င်း ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိသမျှတို့ကို၎င်း ထမ်းရွက်ကြရမည်။ သူတို့ထမ်းရွက်ရ သောတန်ဆာတို့ကို အမည်မှတ်၍ရေတွက်ရမည်။

33 ဤရွေ့ကား ယဇ်ပုရောဟိတ်အာရုန်၏သားဣသမာအုပ်၍ ပရိသတ်အစည်းဝေးရာတဲတော်၌ မေရာရိအဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း။