တော​လည် 4:32-38 BJB

32 ဝင်းတိုင်၊ ခြေစွပ်တံသင်၊ ကြိုးများတို့ကို၎င်း ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိသမျှတို့ကို၎င်း ထမ်းရွက်ကြရမည်။ သူတို့ထမ်းရွက်ရ သောတန်ဆာတို့ကို အမည်မှတ်၍ရေတွက်ရမည်။

33 ဤရွေ့ကား ယဇ်ပုရောဟိတ်အာရုန်၏သားဣသမာအုပ်၍ ပရိသတ်အစည်းဝေးရာတဲတော်၌ မေရာရိအဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း။

34 မောရှေနှင့် အာရုန်အစရှိသောပရိသတ်သူကြီးတို့သည် ကောဟတ်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊

35 ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို၊

36 ဘိုးဘ အဆွေအမျိုးအလိုက်ရေတွက်၍ စာရင်းသွင်းသောလူပေါင်းကား၊ နှစ်ထောင်ခုနစ်ရာငါးဆယ် ရှိသတည်း။

37 ဤသူတို့သည်မောရှေ၌ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန်သည်ရေတွက်၍ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ရသော ကောဟတ်အဆွေအမျိုးသားပေတည်း။

38 ဂေရုရှုန်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊