တော​လည် 4:5-11 BJB

5 တပ်ချီချိန်ရောက်သောအခါ၊ အာရုန်နှင့် သူ၏သားတို့သည်လာ၍၊ အတွင်းကုလားကာကိုချပြီးလျှင်၊ သက်သေခံချက်သေတ္တာကိုအုပ်ရမည်။

6 ကုလားကာအပေါ်မှာတဟာရှသားရေနှင့် အုပ်ပြန်၍ သားရေအပေါ်မှာလည်း ပြာသောအထည်ကိုခင်းပြီးမှ၊ ထမ်းဘိုးတို့ကိုလျှိုထားရမည်။

7 ရှေ့တော်မုန့်စားပွဲပေါ်မှာ ပြာသောအထည်ကိုခင်း၍၊ လင်ပန်း၊ ဇွန်း၊ လောင်းစရာဖလားများနှင့်တကွ၊ အမြဲထည့်ရသောမုန့်ကိုတင်ပြီးမှ၊

8 ထိုအရာတို့ကို၊ နီသောအထည်နှင့် အုပ်ရမည်။ တဖန်တဟာရှသားရေနှင့် အုပ်ပြန်၍ ထမ်းဘိုးတို့ကိုလျှိုထားရမည်။

9 မီးထွန်းရာ မီးခုံ၊ မီးခွက်၊ မီးညှပ်၊ မီးညှပ်ခံရာခွက်၊ ဆီအိုးအစရှိသည်တို့ကို ပြာသောအထည်နှင့်အုပ်ပြီးမှ၊

10 ထိုတန်ဆာရှိသမျှတို့ကို၊ တဟာရှသားရေအိတ်ထဲ၌သွင်းထား၍၊ ထမ်းဘိုးကို တပ်ရမည်။

11 ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသောအထည်ကိုခင်း၍၊ တဟာရှသားရေနှင့်အုပ်ပြီးလျှင်၊ ထမ်းဘိုးတို့ကိုလျှိုထားရမည်။