တော​လည် 4:7-13 BJB

7 ရှေ့တော်မုန့်စားပွဲပေါ်မှာ ပြာသောအထည်ကိုခင်း၍၊ လင်ပန်း၊ ဇွန်း၊ လောင်းစရာဖလားများနှင့်တကွ၊ အမြဲထည့်ရသောမုန့်ကိုတင်ပြီးမှ၊

8 ထိုအရာတို့ကို၊ နီသောအထည်နှင့် အုပ်ရမည်။ တဖန်တဟာရှသားရေနှင့် အုပ်ပြန်၍ ထမ်းဘိုးတို့ကိုလျှိုထားရမည်။

9 မီးထွန်းရာ မီးခုံ၊ မီးခွက်၊ မီးညှပ်၊ မီးညှပ်ခံရာခွက်၊ ဆီအိုးအစရှိသည်တို့ကို ပြာသောအထည်နှင့်အုပ်ပြီးမှ၊

10 ထိုတန်ဆာရှိသမျှတို့ကို၊ တဟာရှသားရေအိတ်ထဲ၌သွင်းထား၍၊ ထမ်းဘိုးကို တပ်ရမည်။

11 ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသောအထည်ကိုခင်း၍၊ တဟာရှသားရေနှင့်အုပ်ပြီးလျှင်၊ ထမ်းဘိုးတို့ကိုလျှိုထားရမည်။

12 သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ရွက်ရန် တန်ဆာရှိသမျှတို့ကို ပြာသောအထည်အိတ်ထဲ၌သွင်းထား၍၊ တဟာရှသားရေဖြင့်အုပ်ပြီးမှ ထမ်းဘိုးကို တပ်ရမည်။

13 ယဇ်ပလ္လင်မှပြာကိုပယ်ရှင်း၍ ပလ္လင်ပေါ်မှာမောင်းသောအထည်ကို ခင်းပြီးလျှင်၊