တော​လည် 5:12-18 BJB

12 လင်ရှိသောမိန်းမသည် အခြားတပါးသောယောက်ျားနှင့် မှားယွင်း၍ လင်ကိုပြစ်မှားလျှင်၎င်း၊

13 မှားယွင်းစဉ်တွင် သူတပါးမတွေ့မိ သက်သေမရှိ၊ သီလပျက်သော်လည်း ထိုအမှုကိုဝှက်ထား၍ လင်မသိလျှင်၎င်း၊

14 သီလပျက်သည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ၊ လင်သည် မယားကို မယုံလျှင်၎င်း

15 ထိုမိန်းမပြုရသောပူဇော်သက္ကာဘို့ မုယောမုန့်၊ တဩမဲပါလျက် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ခေါ်သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီကိုမလောင်းရ။ လောဗန်ကိုမတင်ရ။ မယားကိုမယုံခြင်းပူဇော်သက္ကာအပြစ်ကို ဖေါ်တင်ရာ ပူဇော်သက္ကာဖြစ်၏။

16 ယဇ်ပုရောဟိတ်သည်၊ ထိုပူဇော်သက္ကာကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ထားရမည်။

17 ယဇ်ပုရောဟိတ်သည် သန့်ရှင်းသောရေကို မြေအိုး၌လောင်းပြီးလျှင်၊ တဲတော်၌ရှိသော မြေမှုန့်ကိုယူ၍ ရေထဲမှာထည့်ရမည်။

18 ထိုမိန်းမကို ထာဝရဘုရားရှေ့တော်မှာထားပြီးလျှင်၊ ခေါင်း၌ အချည်းစည်းရှိစေ၍၊ မယားကိုမယုံခြင်း၊ ပူဇော်သက္ကာတည်းဟူသော သတိပေးရာ ပူဇော်သက္ကာကို မိန်းမလက်၌ထည့်ရမည်။ ကျိန်ခြင်းဘေးကိုဖြစ်စေသော ရေခါးကို၊ ယဇ်ပုရောဟိတ်ကိုယ်တိုင်ကိုင်ရမည်။