တော​လည် 5:20-26 BJB

20 ကိုယ်ခင်ပွန်းမှတပါး အခြားသောယောက်ျားနှင့် မှားယွင်း၍ ညစ်ညူးခြင်းရှိလျှင်၊

21 ထာဝရဘုရားသည်၊ သင်၏ပေါင်ကိုပိန်စေ၍ ဝမ်းကိုလည်းရောင်စေသဖြင့်၊ သင့်ကိုကျိန်အပ်သောသူ၊ အထိမ်းအမှတ်ပြု၍ လူများကျိန်ဆိုခြင်းကိုခံရသောသူ ဖြစ်စေခြင်းငှါ စီရင်တော်မူစေသတည်း။

22 ကျိန်ခြင်းဘေးဖြစ်စေသော ဤရေသည်သင်၏ဝမ်းထဲသို့ဝင်၍ ဝမ်းရောင်ခြင်း၊ ပေါင်ပိန်ခြင်းကိုဖြစ်စေသတည်းဟု ယဇ်ပုရောဟိတ်သည် ကျိန်ခြင်းအကျိန်တိုက် လျှင် မိန်းမက၊ အာမင်၊ အာမင်ဟုဝန်ခံရမည်။

23 ယဇ်ပုရောဟိတ်သည်လည်း၊ ထိုအကျိန်တို့ကိုရေးမှတ်၍ တဖန် ရေခါးနှင့်ချေပြီးမှ၊

24 ကျိန်ခြင်းဘေးဖြစ်စေသောရေခါးကို မိန်းမအားတိုက်ရမည်။ ထိုရေသည် မိန်းမထဲသို့ဝင်၍ ခါးလိမ့်မည်။

25 ထိုအခါယဇ်ပုရောဟိတ်သည်၊ မယားကိုမယုံခြင်း၊ ပူဇော်သက္ကာကို မိန်းမလက်မှယူ၍ ထာဝရဘုရားရှေ့တော်၌ချီလွှဲလျက် ယဇ်ပလ္လင်ပေါ်မှာဆက်ပြီးလျှင်၊

26 မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော်သက္ကာအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍ ထိုနောက်အကျိန်ရေကို မိန်းမသောက်စေရမည်။