တော​လည် 5:24-30 BJB

24 ကျိန်ခြင်းဘေးဖြစ်စေသောရေခါးကို မိန်းမအားတိုက်ရမည်။ ထိုရေသည် မိန်းမထဲသို့ဝင်၍ ခါးလိမ့်မည်။

25 ထိုအခါယဇ်ပုရောဟိတ်သည်၊ မယားကိုမယုံခြင်း၊ ပူဇော်သက္ကာကို မိန်းမလက်မှယူ၍ ထာဝရဘုရားရှေ့တော်၌ချီလွှဲလျက် ယဇ်ပလ္လင်ပေါ်မှာဆက်ပြီးလျှင်၊

26 မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော်သက္ကာအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍ ထိုနောက်အကျိန်ရေကို မိန်းမသောက်စေရမည်။

27 ထိုမိန်းမသည်လင်ကိုပြစ်မှား၍ ညစ်ညူးခြင်းရှိလျှင် ကျိန်ခြင်း ဘေးဖြစ်စေသောရေကိုသောက်ပြီးမှ သူ့အထဲ၌ ရေဝင်၍ခါးသဖြင့် ဝမ်းရောင်ခြင်း၊ ပေါင်ပိန်ခြင်းသို့ရောက်၍ ထိုမိန်းမသည် မိမိအမျိုး၌ ကျိန်အပ်သောသူဖြစ်လိမ့်မည်။

28 သို့မဟုတ် ထိုမိန်းမသည်မညစ်ညူး၊ စင်ကြယ်ခြင်းရှိလျှင်၊ ဘေးနှင့်လွတ်၍ ပဋိသန္ဓေယူသောအခွင့် ရှိလိမ့်မည်။

29 ဤေရွ့ကား၊ မိန်းမသည် ကိုယ်ခင်ပွန်းမှတပါး အခြားသောယောက်ျားနှင့် မှားယွင်း၍ ညစ်ညူးခြင်းရှိသော်၎င်း၊

30 ယောက်ျားသည် မယားကိုမယုံသောသဘောစွဲလမ်းသော်၎င်း၊ စောင့်ရသော တရားပေတည်း။ ယောက်ျားသည်မယားကိုမယုံ ထာဝရဘုရားရှေ့တော်၌ ထားသောအခါ ယဇ်ပုရောဟိတ်သည် ဤတရားအတိုင်းစီရင်သဖြင့်၊