တော​လည် 5:3-9 BJB

3 ဣသရေလအမျိုးသားတို့သည်နူသောသူ၊ ရိနာစွဲသောသူ၊ အသေကောင်ထိ၍ မစင်ကြယ်သောသူ ယောက်ျားမိန်းမအပေါင်းတို့ကို၊ တပ်ပြင်မှာနေရာချထား ရမည်အကြောင်း ဆင့်ဆိုလော့ဟု

4 မောရှေအားမိန့်တော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည်ပြုကြ၏။

5 တဖန်မောရှေအားထာဝရဘုရားက၊ သင်သည်ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

6 လူပြုတတ်သောဒုစရိုက်ကိုပြု၍၊ ထာဝရဘုရားကိုပြစ်မှားသဖြင့် အပြစ်ရောက်သောယောက်ျားမိန်းမသည်၊

7 ထိုအပြစ်ကို ဘော်ပြ၍တောင်းပန်ရမည်။ ပြစ်မှားသောအတွက်၊ ငါးစုတစုကိုထပ်၍ ပြစ်မှားခံသောသူအားပေးရမည်။

8 ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသားချင်းမရှိလျှင်၊ ယဇ်ပုရောဟိတ်အဘို့ ထာဝရဘုရားအားပူဇော်ရမည်။ ထိုမှတပါး အပြစ်ဖြေစေခြင်းငှါ အပြစ်ဖြေရာယဇ်ဘို့ သိုးတကောင်ကိုပူဇော်ရမည်။

9 ယဇ်ပုရောဟိတ်အား ဣသရေလအမျိုးသားပူဇော်၍ သန့်ရှင်းသောအရာရှိသမျှတို့သည်၊ ယဇ်ပုရောဟိတ်၏ဥစ္စာဖြစ်ရမည်။