တော​လည် 6:10-16 BJB

10 အဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။

11 ယဇ်ပုရောဟိတ်သည်လည်း၊ အပြစ်ဖြေရာယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကိုပူဇော်၍ ထိုသူ၌ အသေကောင်အားဖြင့်ရောက်သော အပြစ်ဖြေခြင်းကိုပြုပြီးမှ၊ ထိုနေ့ခြင်းတွင်သူ၏ခေါင်းကို သန့်ရှင်းစေရမည်။

12 အရင်ခြားနားစေသောကာလကို ထာဝရဘုရားအဘို့ တဖန်ခြားနားစေ၍ အခါမလည်သော သိုးသငယ်တကောင်ကို ဒုစရိုက်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အရင်ခြားနားခြင်းပျက်သောကြောင့် လွန်သောကာလပျောက်ရမည်။

13 ခြားနား၍နေသောကာလစေ့ပြီးမှ၊ နာဇရိလူစောင့်ရသောတရားဟူမူကား၊ သူသည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့သို့လာ၍၊

14 မီးရှို့ရာယဇ်ဘို့ အခါမလည်၊ အပြစ်မပါသော သိုးသငယ်အထီးတကောင် အပြစ်ဖြေရာယဇ်ဘို့ အခါမလည်အပြစ်မပါသော သိုးသငယ်အမတကောင် မိဿဟာယယဇ်ဘို့ အပြစ်မပါသောဆိတ်တကောင်၊

15 ဆီရောသောမုန့်ညက်နှင့်လုပ်သောမုန့်ပြား၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့မုန့်တတောင်း၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာကို ထာဝရဘုရားအားဆက်ရမည်။

16 ထိုပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားထံတော်သို့သွင်း၍ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ရမည်။