တော​လည် 6:16-22 BJB

16 ထိုပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားထံတော်သို့သွင်း၍ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ရမည်။

17 တဆေးမဲ့မုန့်တတောင်းနှင့်တကွ၊ မိဿဟာယယဇ်ဆိတ်ကို၎င်း ဘောဇဉ်ပူဇော်သက္ကာသွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရားအားပူဇော်ရမည်။

18 နာဇရိလူသည်၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ မိမိခြားနားသော ဦးဆံကိုရိတ်၍၊ ထိုဆံကို မိဿဟာယယဇ်အောက်၌ရှိသော မီးထဲမှာထည့်ရမည်။

19 ခြားနားသောဦးဆံကိုရိတ်ပြီးမှ၊ ယဇ်ပုရောဟိတ်သည် ပြုတ်သော ဆိတ်ပခုံးတဘက်၊ တောင်းထဲကတဆေးမဲ့မုန့်ပြားတပြား၊ တဆေးမဲ့မုန့်ကြွပ်တချပ်ကို ယူ၍ နာဇရိလူလက်၌ထည့်ပြီးလျှင်၊

20 ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာဘို့ ချီလွှဲရမည်။ ထိုအရာတို့သည်၊ ချီလွှဲရာရင်ပတ်၊ ချီလွှဲရာပခုံးနှင့်တကွ ယဇ်ပုရောဟိတ်အဘို့ သန့်ရှင်းရမည်။ ထိုနောက်မှ နာဇရိလူသည် စပျစ်ရည်ကိုသောက်ရသောအခွင့်ရှိ၏။

21 ဤရွေ့ကား၊ သစ္စာပြုသောနာဇရိလူသည် အလိုအလျောက် တက်နိုင်သမျှတပါး မိမိခြားနားခြင်းအတွက် ထာဝရဘုရားအားဆက်ရသော ပူဇော်သက္ကာနှင့် ဆိုင်သော တရားပေတည်း။ သစ္စာပြုသည်အတိုင်း ခြားနားခြင်းတရားနှင့်အညီပြုရမည်ဟု မိန့်တော်မူ၏။

22 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရမည်မှာ၊