တော​လည် 6:3-9 BJB

3 စပျစ်ရည်နှင့် ယစ်မျိုးကိုရှောင်ရမည်။ စပျစ်ရည်ချဉ်နှင့် ယစ်မျိုးချဉ်ကိုလည်း မသောက်ရ။ စပျစ်သီးဖြင့်လုပ်သောအရည်ကို အလျှင်းမသောက်ရ။ စပျစ်သီး အစိမ်းအခြောက်ကိုလည်း မစားရ။

4 ခြားနားလျက်နေသောကာလပတ်လုံး စပျစ်သီးအဆန်၊ စပျစ်သီးအခွံမှစ၍ စပျစ်ပင်ကဖြစ်သမျှကို မစားရ။

5 ခြားနားခြင်းသစ္စာစောင့်သောကာလပတ်လုံး၊ ဦးဆံကိုမရိတ်ရ။ ထာဝရဘုရားအဘို့ မိမိကိုခြားနားစေသော ကာလမစေ့မှီတိုင်အောင် သူသည် သန့်ရှင်းရသဖြင့်၊ မိမိဆံပင်ကို အလိုအလျောက်တိုးပွားစေရမည်။

6 ထာဝရဘုရားအဘို့ မိမိကိုခြားနားစေသောကာလပတ်လုံး၊ အသေကောင်ကို မချဉ်းမကပ်ရ။

7 သူ၏ဘုရားသခင်အဘို့ သူ၏ခေါင်းကို ခြားနားစေသောကြောင့်၊ မိဘ၊ ညီအစ်ကို၊ နှမသေသော်လည်း ညစ်ညူးခြင်းကိုမခံရ။

8 ခြားနားလျက်နေသောကာလပတ်လုံး၊ ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။

9 သူ့အနားမှာတစုံတယောက်သောသူသည် ချက်ခြင်းသေ၍၊ သူသည် ခြားနားစေသောခေါင်းကိုညစ်ညူးစေလျှင်၊ စင်ကြယ်စေသောနေ့တည်းဟူသော သတ္တမနေ့၌ ဦးဆံကိုရိတ်ရမည်။