တော​လည် 7:3-10 BJB

3 မင်းတပါးနွားထီးတကောင်စီ၊ မင်းနှစ်ပါး၊ အမိုးပါသောရထားတခုစီ၊ ရထားခြောက်ခု၊ နွားဆယ်နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ဆောင်ခဲ့၍ ထာဝရ ဘုရားအား ပူဇော်သက္ကာပြုကြ၏။

4-5 ထာဝရဘုရားကလည်း သင်သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာတို့ခံယူ၍ အမှုကိုဆောင်ရွက်ရသည့်အတိုင်း လေဝိသား အသီးသီးတို့အားပေးလော့ဟု မိန့်တော်မူ၏။

6 မောရှေသည် ရထားနှင့် နွားတို့ကိုခံယူ၍ လေဝိသားတို့အားပေးသဖြင့်

7 အမှုဆောင်ရွက်စရာရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာအုပ်သောဂေရရှုန်သားတို့အား ရထားနှစ်ခုနှင့် နွားလေးကောင်တို့ကို၎င်း၊

8 မေရာရိသားတို့အားရထားလေးခုနှင့် နွားရှစ်ကောင်တို့ကို၎င်း ပေးလေ၏။

9 သန်ရှင်းရာဌာနတော်မူကိုစောင့်ရသော ကောဟတ်သားတို့သည် မိမိတို့ပခုံး၌ ထမ်းရွက်ရသောကြောင့်၊ သူတို့အားရထားနှင့် နွားတို့ကိုမပေး။

10 ယဇ်ပလ္လင်ကိုဆီလူးသောနေ့၌ အနုမောဒနာပြုစရာဘို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသောပူဇော်သက္ကာကို ပြုကြ၏။