တော​လည် 7:51-58 BJB

51 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

52 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်

53-54 မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို၊ အမိဟုဒ်သားဧလိရှမာသည် ပူဇော် လေ၏။

55 အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍အပြည့်ထည့်သောမုန့်ညက်၊

56 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း၊

57 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

58 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊