57 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊
58 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
59 မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို ပေဒါဇုရသားဂါမလျေလသည် ပူဇော် လေ၏။
60 နဝမနေ့၌ ဗင်္ယာမိန်အမျိုးတွင်မင်းဖြစ်သော ဂိဒေါနိသားအဘိဒန်ဆက်သော ပူဇော်သက္ကာဟူမူကား
61 အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသောငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
62 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း
63 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊