တော​လည် 7:82-88 BJB

82 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

83 မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သောသိုးသငယ်ငါးကောင်တို့ကို ဧနန်သားအဟိရသည် ပူဇော်လေ၏။

84 ထိုသို့ဣသရေလအမျိုးတို့၌ မင်းဖြစ်သောသူတို့သည်၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာပြုစရာဘို့ ဆက်သောငွေအင်တုံပေါင်းဆယ်နှစ်လုံး၊ ငွေ ဖလားပေါင်းဆယ်နှစ်လုံး၊ ရွှေဇွန်းပေါင်းဆယ်နှစ်စင်းတည်း။

85 ငွေအင်တုံအချိန်ကား၊ တလုံးလျှင် တပိဿာသုံးဆယ်စီ၊ ငွေဖလားအချိန်ကား၊ တလုံးလျှင် ခုနစ်ဆယ်စီရှိ၍ ငွေချိန်ပေါင်းကား၊ အကျပ်တော်အလိုက်၊ အခွက် နှစ်ဆယ်လေးပိဿာရှိသတည်း။

86 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော ရွှေဇွန်းဆယ်နှစ်စင်းအချိန်ကား၊ အကျပ်တော်အလိုက်ဆယ်ကျပ်စီရှိ၍၊ ရွှေချိန်ပေါင်းကား တပိဿာနှစ်ဆယ်ရှိသတည်း။

87 မီးရှို့ရာယဇ်ဘို့ ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ နွားပေါင်းဆယ်နှစ်ကောင်၊ သိုးထီးဆယ်နှစ်ကောင်၊ အခါမလည်သောသိုးသငယ်ဆယ်နှစ်ကောင်၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်ပေါင်းဆယ်နှစ်ကောင်၊

88 မိဿဟာယယဇ်ဘို့နွားပေါင်း၊ နှစ်ဆယ်လေးကောင်၊ သိုးထီးခြောက်ဆယ်၊ ဆိတ်ထီးခြောက်ဆယ်၊ အခါမလည်သောသိုးသငယ်ခြောက်ဆယ်ရှိသတည်း။ ဤရွေ့ကား၊ ယဇ်ပလ္လင်ဆီလူးသောနောက်၊ အနုမောဒနာပြုဘို့ ဆက်သော ပူဇော်သက္ကာပေတည်း။