တော​လည် 7:86-89 BJB

86 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော ရွှေဇွန်းဆယ်နှစ်စင်းအချိန်ကား၊ အကျပ်တော်အလိုက်ဆယ်ကျပ်စီရှိ၍၊ ရွှေချိန်ပေါင်းကား တပိဿာနှစ်ဆယ်ရှိသတည်း။

87 မီးရှို့ရာယဇ်ဘို့ ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ နွားပေါင်းဆယ်နှစ်ကောင်၊ သိုးထီးဆယ်နှစ်ကောင်၊ အခါမလည်သောသိုးသငယ်ဆယ်နှစ်ကောင်၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်ပေါင်းဆယ်နှစ်ကောင်၊

88 မိဿဟာယယဇ်ဘို့နွားပေါင်း၊ နှစ်ဆယ်လေးကောင်၊ သိုးထီးခြောက်ဆယ်၊ ဆိတ်ထီးခြောက်ဆယ်၊ အခါမလည်သောသိုးသငယ်ခြောက်ဆယ်ရှိသတည်း။ ဤရွေ့ကား၊ ယဇ်ပလ္လင်ဆီလူးသောနောက်၊ အနုမောဒနာပြုဘို့ ဆက်သော ပူဇော်သက္ကာပေတည်း။

89 မောရှေသည် ဘုရားသခင်ကိုလျှောက်ခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင်သောအခါ၊ ခေရုဗိမ်နှစ်ပါးကြားမှာ၊ သက်သေခံချက်သေတ္တာအပေါ်၌ တင်သောအဖုံးထက်သော ဘုရားသခင်ခေါ်တော်မူသံကို မောရှေသည်ကြား၍ ထူးလေ၏။