တော​လည် 8:12-18 BJB

12 လေဝိသားတို့သည်လည်း၊ နွားခေါင်းပေါ်မှာ မိမိတို့လက်ကိုတင်၍၊ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုလိုသောငှါ၊ ထာဝရဘုရားရှေ့မှာ နွားတကောင်ကို အပြစ် ဖြေရာယဇ်၊ တကောင်ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရကြမည်။

13 လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့ရှေ့မှာထား၍ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည်။

14 ထိုသို့ လေဝိသားတို့ကို ဣသရေလအမျိုးသားတို့နှင့် တခြားစီခွဲထား၍၊ သူတို့သည်အထူးသဖြင့် ငါ့လူဖြစ်ရကြလိမ့်မည်။

15 ထိုနောက်မှလေဝိသားတို့သည်၊ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ရကြလိမ့်မည်။ သူတို့ကိုစင်ကြယ်စေ၍ ပူဇော်သက္ကာ၊ ပြုရ သောအကြောင်းဟူမူကား၊

16 ဣသရေလအမျိုးထဲက သူတို့ကိုရွေးကောက်၍၊ ငါ့အားအပိုင်ပေးရမည်။ ဣသရေလအမျိုးတွင် အဦးဘွားမြင်သောသားဦးများအတွက် သူတို့ကိုငါသိမ်းယူ၏။

17 အဲဂုတ္တုပြည်၌သားဦးအပေါင်းတို့ကို ငါသည်ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ကိုယ်အဘို့ သန့်ရှင်းစေသောကြောင့်၊ သားဦးအပေါင်းတို့ကို အထူးသဖြင့် ငါပိုင်ရမည်။

18 တဖန် ဣသရေလအမျိုးသားဦး အပေါင်းတို့အတွက်၊ လေဝိသားတို့ကို ငါယူ၏။