တော​လည် 8:2-8 BJB

2 မီးခွက်များကိုထွန်းသောအခါ၊ မီးခွက်ခုနစ်လုံးတို့သည် မီးခုံတဘက်တချက်၌ ထွန်းလင်းရမည်ဟု၊

3 မောရှေအားမှာထားတော်မူသည်အတိုင်း၊ အာရုန်ပြု၍ မီးခုံတဘက်တချက်၌ မီးခွက်များကိုထွန်းလေ၏။

4 မီးခုံမူကား၊ ထာဝရဘုရားသည် မောရှေအားပြတော်မူသောပုံနှင့်အညီ မီးခုံတိုင်မှစ၍ ကြာပွင့်တိုင်အောင် ရွှေဖြင့်တစပ်တည်းထုလုပ်သော မီးခုံဖြစ်သတည်း။

5 ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား

6 လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ အထဲကရွေးကောက်၍ စင်ကြယ်စေလော့။

7 စင်ကြယ်စေခြင်းငှါပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်းမင်္ဂလာရေကို သူတို့အပေါ်မှာဖြန်း၍၊ သူတို့သည် တကိုယ်လုံးကိုအမွေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်း ကိုပြုသဖြင့် စင်ကြယ်စေရမည်။

8 ဆီရောသောမုန့်ညက်တည်းဟူသော ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသောနွားထီးတကောင်၊ အပြစ်ဖြေရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်ကိုယူပြီးလျှင်၊