တော​လည် 8:5-11 BJB

5 ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား

6 လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ အထဲကရွေးကောက်၍ စင်ကြယ်စေလော့။

7 စင်ကြယ်စေခြင်းငှါပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်းမင်္ဂလာရေကို သူတို့အပေါ်မှာဖြန်း၍၊ သူတို့သည် တကိုယ်လုံးကိုအမွေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်း ကိုပြုသဖြင့် စင်ကြယ်စေရမည်။

8 ဆီရောသောမုန့်ညက်တည်းဟူသော ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသောနွားထီးတကောင်၊ အပြစ်ဖြေရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်ကိုယူပြီးလျှင်၊

9 လေဝိသားတို့ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ခေါ်ခဲ့၍၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ကိုစည်းဝေးစေပြီးမှ၊

10 လေဝိသားတို့ကို ထာဝရဘုရားရှေ့တော်သို့ဆောင်ခဲ့၍၊ သူတို့ခေါင်းပေါ်မှာ ဣသရေလအမျိုးသားတို့သည် လက်ကိုတင်သဖြင့်၊

11 သူတို့သည် ထာဝရဘုရား၏အမှုတော်ကို ထမ်းစေခြင်းငှါ၊ ဣသရေလအမျိုးသားတို့ပြုသော ပူဇော်သက္ကာတည်းဟူသော လေဝိသားတို့ကို အာရုန်သည် ထာဝရဘုရားအားဆက်ရမည်။