တော​လည် 9:1-6 BJB

1 အဲဂုတ္တုပြည်မှထွက်၍ ဒုတိယနှစ်၊ ပဌမလ၌ သိန်တောတွင်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား

2 ဣသရေလအမျိုးသားတို့သည်၊ ချိန်းချက်သောကာလအချိန်၌ ပသခါပွဲကို ခံရကြမည်။

3 စီရင်ထုံးဖွဲ့သမျှသောထုံးစံအတိုင်း၊ ချိန်းချက်သောကာလအချိန်တည်းဟူသော ယခုလ တဆယ်လေးရက်နေ့ ညဦးယံ၌စောင့်ရကြမည်ဟု မိန့်တော်မူ၏။

4 ဣသရေလအမျိုးသားတို့သည် ပသခါပွဲကိုခံရမည်အကြောင်း၊ မောရှေဆင့်ဆိုသည်အတိုင်း၊

5 သိန်တောတွင် ပဌမလ တဆယ်လေးရက်နေ့ညဦးယံ၌ ပသခါပွဲကိုခံရကြ၏။ မောရှေအား ထာဝရဘုရားမှာထားတော်မူသမျှအတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြုကြ၏။

6 ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သောလူအချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ်၍၊