တော​လည် 9:3-9 BJB

3 စီရင်ထုံးဖွဲ့သမျှသောထုံးစံအတိုင်း၊ ချိန်းချက်သောကာလအချိန်တည်းဟူသော ယခုလ တဆယ်လေးရက်နေ့ ညဦးယံ၌စောင့်ရကြမည်ဟု မိန့်တော်မူ၏။

4 ဣသရေလအမျိုးသားတို့သည် ပသခါပွဲကိုခံရမည်အကြောင်း၊ မောရှေဆင့်ဆိုသည်အတိုင်း၊

5 သိန်တောတွင် ပဌမလ တဆယ်လေးရက်နေ့ညဦးယံ၌ ပသခါပွဲကိုခံရကြ၏။ မောရှေအား ထာဝရဘုရားမှာထားတော်မူသမျှအတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြုကြ၏။

6 ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သောလူအချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ်၍၊

7 အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်းရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလအမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သက္ကာကိုမပြုစေခြင်းငှါ၊ အကျွန်ုပ်တို့ကို ဆီးတားပါမည်လောဟု မေးလျှောက်ကြ၏။

8 မောရှေကလည်း၊ နေကြဦးလော့။ သင်တို့အမှု၌ ထာဝရဘုရားမိန့်တော်မူသော စကားကို ငါနားထောင်ဦးမည်ဟု ပြန်ဆို၏။

9 ထိုအခါမောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊