တော​လည် 9:7-13 BJB

7 အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်းရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလအမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သက္ကာကိုမပြုစေခြင်းငှါ၊ အကျွန်ုပ်တို့ကို ဆီးတားပါမည်လောဟု မေးလျှောက်ကြ၏။

8 မောရှေကလည်း၊ နေကြဦးလော့။ သင်တို့အမှု၌ ထာဝရဘုရားမိန့်တော်မူသော စကားကို ငါနားထောင်ဦးမည်ဟု ပြန်ဆို၏။

9 ထိုအခါမောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

10 သင်တို့အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်းရှိသော်၎င်း၊ ဝေးသောအရပ်သို့ ခရီးသွားသော်၎င်း၊ ထာဝရဘုရားအဘို့ ပသခါပွဲကိုခံရမည်။

11 ဒုတိယလတဆယ်လေးရက်နေ့ညဦးယံ၌ပွဲခံ၍၊ သိုးသငယ်အသားကို တဆေးမပါသောမုန့်၊ ခါးသောဟင်းသီးဟင်းရွက်နှင့် စားရမည်။

12 ထိုအသားကို နံနက်တိုင်အောင်မကြွင်းစေရ။ အရိုးကိုလည်းမချိုးရ။ ပသခါပွဲနှင့် ဆိုင်သောအထုံးအဖွဲ့ရှိသမျှတို့ကိုလိုက်၍ ပွဲခံရသောအခွင့်ရှိ၏။

13 ညစ်ညူးခြင်းမရှိ၊ အခြားတပါးသို့ ခရီးမသွားသောသူသည် ပသခါပွဲကို မခံဘဲနေလျှင်၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။ ချိန်းချက်သောအချိန်၌ ထိုသူ သည် ထာဝရဘုရားအဘို့ ပူဇော်သက္ကာကိုမဆောင်ခဲ့သောကြောင့် မိမိအပြစ်ကို ခံရမည်။