1 မိမိတို့အိမ်သူအိမ်သားပါလျက်၊ အဘယာကုပ်နှင့်အတူ အဲဂုတ္တုပြည်သို့ရောက်လာသော ဣသရေလသားတို့၏အမည်ဟူမူကား၊
2 ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊
3 ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊
4-5 ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။ ယာကုပ်အမျိုးသားပေါင်းကား၊ ခုနစ်ဆယ်တည်း။ ယောသပ်သည်အဲဂုတ္တုပြည်၌ရှိနှင့်သတည်း။
6 ယောသပ်နှင့်အစ်ကိုများမှစ၍၊ ထိုကာလအမျိုးသားအပေါင်းတို့သည် သေကြကုန်၏။
7 ဣသရေလအမျိုးသားတို့သည်သားကိုဘွား၍ အလွန်တိုးပွားများပြားသဖြင့်၊ အလွန်အားကြီး၍ တပြည်လုံး၌နှံ့ပြားကြလေ၏။