ထွက်​မြောက် 1:17-22 BJB

17 ဝမ်းဆွဲမတို့သည် ဘုရားသခင်ကိုကြောက်ရွံ၍၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည်အတိုင်းမပြု၊ ယောက်ျားတို့ကိုအသက်ချမ်းသာပေးကြ၏။

18 အဲဂုတ္တုရှင်ဘုရင်သည်လည်း၊ ဝမ်းဆွဲမတို့ကိုခေါ်၍ သင်တို့သည် အဘယ်ကြောင့်ဤသို့ပြုသနည်း။ ယောက်ျားတို့ကို အဘယ်ကြောင့် အသက်ချမ်းသာပေးသနည်းဟုမေးစစ်သော်၊

19 ဝမ်းဆွဲမတို့က၊ ဟေဗြဲမိန်းမတို့သည်၊ အဲဂုတ္တုမိန်းမကဲ့သို့မဟုတ်၊ သန်စွမ်းသောကြောင့်၊ ဝမ်းဆွဲမ မရောက်မှီ သားကိုဘွားတတ်ကြ၏ဟု ပြန်လျှောက်လေ၏။

20 ထိုကြောင့် ဘုရားသခင်သည် ဝမ်းဆွဲမတို့ကိုကျေးဇူးပြုတော်မူ၏။ ထိုလူအမျိုးသည်လည်းများပြား၍ အလွန်အားကြီးကြလေ၏။

21 ဝမ်းဆွဲမတို့သည် ဘုရားသခင်ကိုကြောက်ရွံ့သောကြောင့်၊ သူတို့အိမ်သူအိမ်သားများကို ပြုစုတော်မူ၏။

22 ဖာရောဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့တွင်၊ ဘွားမြင်သောသူငယ် ယောက်ျားအပေါင်းတို့ကို မြစ်ထဲသို့ချပစ်စေ။ မိန်းမကိုမူကားအသက်ရှင်စေဟု မိမိလူအပေါင်းတို့ကို မှာထားတော်မူ၏။