ထွက်​မြောက် 19:22-25 BJB

22 ထာဝရဘုရားထံသို့ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည်လည်း၊ ကိုယ်ကိုကိုယ်သန့်ရှင်းစေရမည်။ သို့မဟုတ် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူမည်ဟု မောရှေအားမိန့်တော်မူ၏။

23 မောရှေကလည်း၊ လူတို့သည် သိနာတောင်သို့မတက်နိုင်ကြပါ။ အကြောင်းမူကား၊ မကျော်ရသောအဆီးအကာတို့ကို တောင်ပတ်လည်၌စီရင်၍၊ သန့်ရှင်းစေလော့ဟုမှာထားတော်မူပြီဟု ထာဝရဘုရားအားပြန်လျှောက်လေ၏။

24 ထာဝရဘုရားကလည်း၊ ဆင်းသွားလော့။ သင်နှင့်အာရုန်သာလျှင် တက်ရမည်။ ယဇ်ပုရောဟိတ်များ၊ လူများတို့သည် ထာဝရဘုရားထံသို့တက်ခြင်းငှာ မကျော်မဝင်စေနှင့်။ သို့မဟုတ် သူတို့ကိုဒဏ်ခတ်တော်မူမည်ဟု မိန့်တော်မူ၏။

25 မောရှေသည်လည်း လူများတို့ရှိရာသို့ဆင်း၍ ကြားပြောလေ၏။