ထွက်​မြောက် 23:1-7 BJB

1 သင်သည် မှားသောသိတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သောသက်သေကို မခံရ။

2 လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှါမပြောရ။

3 ဆင်းရဲသောသူဘက်၌လည်း မငဲ့ကွက်ရ။

4 သင်သည် ရန်သူ၏မြင်းနွား လမ်းလွဲသည်ကိုတွေ့မြင်လျှင်၊ အမှန်ပြန်ပို့ရမည်။

5 သင့်ကို မုန်းသောသူ၏မြည်းသည်၊ မိမိဆောင်ရွက်သော ဝန်အောက်မှာ လဲနေသည်ကို တွေ့မြင်လျှင်၊ မ မစဘဲနေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစရမည်။

6 သင်၌ ဆင်းရဲသောသူသည် တရားတွေ့သောအခါ၊ သူ့ကို မတရားသဖြင့် မစီရင်ရ။

7 မဟုတ်မမှန်သော အမှုကိုရှောင်ရမည်။ အပြစ်မရှိသောသူ၊ ဖြောင့်မတ်သောသူကိုမကွပ်မျက်ရ။ အကြောင်းမူကား၊ ငါသည်မတရားသောသူကို အပြစ်မလွှတ်။