13 အကာရှသားထမ်းဘိုးကိုလုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊
14 သေတ္တာထမ်းစရာဘို့တဘက်တချက် ရွှေကွင်းထဲသို့လျှိုထားရမည်။
15 ထိုထမ်းဘိုးကိုလည်း သေတ္တာရွှေကွင်းထဲကမနှုတ် အစဉ်ရှိစေရမည်။
16 ငါပေးသောသက်သေခံချက်ကို၊ ထိုသေတ္တာထဲမှာထားရမည်။
17 အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည်။
18 ရွှေခေရုဗိမ်နှစ်ပါးကိုလည်းသေတ္တာအဖုံးတွင် အလျားတဘက်တချက်၌ ထုလုပ်ရမည်။
19 ထိုခေရုဗိမ်နှစ်ပါးကိုသေတ္တာဖုံး ကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီလုပ်ပြီးလျှင်၊