ထွက်​မြောက် 26:2-8 BJB

2 ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူရမည်။

3 ကုလားကာငါးထည်စီ တစပ်တည်းချုပ်ရမည်။

4 ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည်။ အခြားသောကုလားကာပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မှီရာ၌လည်း ထိုအတူလုပ်ရမည်။

5 ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသောကုလားကာ အနားဆက်မှီရာ၌ ကွင်းငါးဆယ်ကို၎င်း၊ ကွင်းချင်းဆိုင်မိအောင် လုပ်ရမည်။

6 ရွှေချောင်းငါးဆယ်ကိုလည်းလုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့်၊ တဲတော်တဆောင်တည်းဖြစ်ရမည်။

7 တဲတော်ဖုံးအုပ်ဘို့ အခြားသောကုလားကာဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်ရမည်။

8 ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍၊ ကုလားကာ ဆယ်တထည်တို့သည် အလျားအနံချင်းတူရမည်။