ထွက်​မြောက် 27:1-6 BJB

1 တနည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သောယဇ်ပလ္လင်ကို၊ အကာရှသားနှင့် လုပ်ရမည်။ အမြင့်လည်း သုံးတောင်ရှိရမည်။

2 ယဇ်ပလ္လင်လေးထောင့်အပေါ်မှာ၊ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့် မွမ်းမံရမည်။

3 ပြာခံစရာအိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်းအစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သောတန်ဆာရှိသမျှတို့ကို ကြေးဝါနှင့် လုပ်ရမည်။

4 ကြေးဝါဆန်ခါကို၎င်း၊ ဆန်ခါလေးထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကို၎င်း လုပ်ပြီးလျှင်၊

5 ယဇ်ပလ္လင်ခါးပန်းအောက်၊ အလယ်၌ထားရမည်။

6 ယဇ်ပလ္လင်ထမ်းစရာ အကာရှသားထမ်းဘိုးတို့ကိုလုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊