17 ထိုရင်ဖုံး၌ ကျောက်မြတ်ကိုလေးတန်းစီရမည်။ ပဌမအတန်းကား၊ ကျောက်နီ၊ ဥဿဖရား၊ ပတ္တမြား၊
18 ဒုတိယအတန်းကား၊ မြ၊ နီလာ၊ စိန်၊
19 တတိယအတန်းကား၊ ဝှါကိန္တု၊ မဟူရာ၊ ဂေါ်မိတ်။
20 စတုတ္ထအတန်းကား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌စီရမည်။
21 ဣသရေလအမျိုး တဆယ်နှစ်မျိုးရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက်တို့၌၊ ထိုတဆယ့်နှစ်ပါးသော နာမည်အသီးသီးတို့ကို တင်လျက်၊
22 ကျောက်တလုံးလျှင် နာမည်တပါးစီပါရမည်။
23 ရင်ဖုံးအပေါ်ထောင့်နှစ်ခု၌ ရွှေနှစ်ကွင်းကို၎င်း၊