ထွက်​မြောက် 28:22-28 BJB

22 ကျောက်တလုံးလျှင် နာမည်တပါးစီပါရမည်။

23 ရင်ဖုံးအပေါ်ထောင့်နှစ်ခု၌ ရွှေနှစ်ကွင်းကို၎င်း၊

24 ကျစ်သော ရွှေကြိုးနှစ်ပင်ကို၎င်းလုပ်ပြီးမှ၊ ထိုရွှေနှစ်ကွင်း၌တပ်၍၊

25 သင်တိုင်းသိုင်းကြိုးပေါ်မှာရှိသော ကျောက်အိုးတို့၌တွဲရမည်။

26 တဖန်ရွှေနှစ်ကွင်းကိုလုပ်၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက် ထောင့်နှစ်ခု၌တပ်ရမည်။

27 အခြားသော ရွှေနှစ်ကွင်းကိုလည်းလုပ်၍၊ သင်တိုင်းရှေ့ဘက်အောက်နား၌ ထူးဆန်းသော ရင်စည်းအပေါ်နားဆက်မှီရာတွင်၊ သင်တိုင်းကိုယ် တဘက်တချက်၌ တပ်ရမည်။

28 ရင်ဖုံးရွှေနှစ်ကွင်းကို သင်တိုင်းရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေရမည်။ ထိုသို့ရင်ဖုံးကို ထူးဆန်းသောရင်စည်းအပေါ်နားမှာ ဆွဲ၍၊ သင်တိုင်းနှင့်မကွာ အမြဲရှိစေရမည်။