ထွက်​မြောက် 29:1-6 BJB

1 သူတို့သည် ငါ့ရှေ့၌ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ အဘယ်သို့ သန့်ရှင်းစေရမည်နည်းဟူမူကား၊ အပြစ်မပါသော နွားသငယ်အထီးနှင့် သိုးနှစ်ကောင်တို့ကို၎င်း၊

2 တဆေးမပါသောဂျုံမုန့်၊ တဆေးမပါဘဲ ဆီနှင့်လုပ်သောဂျုံမုန့်ပြား၊ တဆေးမပါဘဲ ဆီနှင့်လုပ်သောဂျုံမုန့်ကြွပ်တို့ကို၎င်း ယူရမည်။

3 ထိုမုန့်များကို တောင်းတလုံးထဲ၌ထည့်ပြီးမှ၊ နွားတကောင်၊ သိုးနှစ်ကောင်နှင့်တကွဆောင်ခဲ့ရမည်။

4 အာရုန်နှင့် သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာ တံခါးနားသို့ခေါ်ခဲ့၍ ရေချိုးရမည်။

5 အဝတ်တန်ဆာများကိုယူ၍၊ အင်္ကျီ၊ ဝတ်လုံ၊ သင်တိုင်း၊ ရင်ဖုံးနှင့် အာရုန်ကို ဝတ်စေ၍၊ ထူးဆန်းသောသင်တိုင်းရင်စည်းနှင့် စည်းရမည်။

6 သူ၏ခေါင်းပေါ်မှာ ဗောင်းကိုတင်၍၊ ဗောင်း၌သန့်ရှင်းသောသင်းကျစ်ကို တပ်ရမည်။