ထွက်​မြောက် 29:20-26 BJB

20 ထိုသိုးကိုသတ်ပြီးလျင် အသွေးကိုယူ၍ အာရုန်၏လက်ျာနားပျဉ်း၌၎င်း၊ သူ၏သားတို့၏လက်ျာနားပျဉ်း၌၎င်း။ သူတို့၏လက်ျာလက်မ၌၎င်း၊ လက်ျာခြေမ၌၎င်း ထည့်၍၊ ယဇ်ပလ္လင်အပေါ်ပတ်လည်၌ဖြန်းရမည်။

21 ယဇ်ပလ္လင်ပေါ်မှာရှိသောအသွေးနှင့် လိမ်းစရာဆီကိုယူ၍ အာရုန်နှင့် သူ၏ အဝတ်၌၎င်း၊ သူ၏သားတို့နှင့် သူတို့အဝတ်၌၎င်း၊ ဖြန်းသဖြင့်၊ အာရုန်မှစ၍သားများ၊ အဝတ်များတို့သည် သန့်ရှင်းကြလိမ့်မည်။

22 ထိုသိုးသည် အရာ၌ခန့်ထားရာသိုးဖြစ်သောကြောင့်၊ ဆီဥ၊ အမြီး၊ အအူကို ဖုံးသောဆီဥ၊ အသည်းေပါ်၌ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ကိုဖုံးသောဆီဥ၊ လက်ျာပခုံး၊

23 ထာဝရဘုရားရှေ့တော်၌ထားသော တဆေးမဲ့မုန့်တောင်းထဲက မုန်တလုံး၊ ဆီနှင့်လုပ်သော မုန့်ပြားတပြား၊ မုန့်ကြွပ်တချပ်ကိုယူ၍၊

24 အာရုန်လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကိုထားပြီးလျှင်၊ ထာဝရ ဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသောပူဇော်သက္ကာပြုရမည်။

25 ထိုအရာတို့ကို သူတို့လက်မှခံယူ၍၊ ထာဝရဘုရားရှေ့တော်တွင် မွှေးကြိုင်သောအနံ့ဖြစ်စေခြင်းငှါ၊ ယဇ်ပလ္လင်၌ မီးရှို့ရာယဇ်အပေါ်မှာရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာဖြစ်၏။

26 အာရုန်၏အရာ၌ခန့်ထားရာ သိုး၏ရင်ပတ်ကိုယူ၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သက္ကာပြုပြီးမှ၊ သိုး၏ရင်ပတ်သည် သင်၏အဘို့ ဖြစ်ရမည်။