ထွက်​မြောက် 29:24-30 BJB

24 အာရုန်လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကိုထားပြီးလျှင်၊ ထာဝရ ဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသောပူဇော်သက္ကာပြုရမည်။

25 ထိုအရာတို့ကို သူတို့လက်မှခံယူ၍၊ ထာဝရဘုရားရှေ့တော်တွင် မွှေးကြိုင်သောအနံ့ဖြစ်စေခြင်းငှါ၊ ယဇ်ပလ္လင်၌ မီးရှို့ရာယဇ်အပေါ်မှာရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာဖြစ်၏။

26 အာရုန်၏အရာ၌ခန့်ထားရာ သိုး၏ရင်ပတ်ကိုယူ၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သက္ကာပြုပြီးမှ၊ သိုး၏ရင်ပတ်သည် သင်၏အဘို့ ဖြစ်ရမည်။

27 ထိုသို့ အာရုန်နှင့် သားတို့၏အရာ၌ ခန့်ထားသောသိုးထဲက၊ ချီလွှဲသော ပူဇော်သက္ကာပြု၍၊ ချီလွှဲသောရင်ပတ်ကို၎င်း၊ ချီမြှောက်သောပူဇော်သက္ကာပြု၍၊ ချီမြှောက်သောပခုံးကို၎င်း သန့်ရှင်းစေပြီးမှ၊

28 ထိုရင်ပတ်၊ ပခုံးတို့သည် ထာဝရပညတ်တော်အတိုင်း၊ ဣသရေလအမျိုးသားလှူသော အာရုန်၏အဘို့၊ သူ့သားတို့၏အဘို့ဖြစ်ရမည်။ ဣသရေလအမျိုးသားပြုသော မိဿဟာယယဇ်ထဲက၊ ထာဝရဘုရားရှေ့တော်၌ ချီးမြှောက်၍၊ ချီးမြှောက်ရာပူဇော်သက္ကာဖြစ်၏။

29 အာရုန်၏ သန့်ရှင်းသောအဝတ်တန်ဆာကို၊ သူ၏သားတို့သည်အမွေခံသဖြင့်၊ ဆီလိမ်းခြင်းမင်္ဂလာနှင့် ယဇ်ပုရောဟိတ်အရာ၌ခန့်ထားသောအခါ၊

30 အာရုန်ကိုယ်စား ယဇ်ပုရောဟိတ်လုပ်သောသားသည်၊ သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ဝင်သောအခါ ခုနစ်ရက်ပတ်လုံးဝတ်ဆင်ရမည်။