ထွက်​မြောက် 29:38-44 BJB

38 ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရသောအရာဟူမူကား၊ အခါမလည်သော သိုးသငယ် နှစ်ကောင်ကိုယူ၍၊

39 နေ့တိုင်းအစဉ်မပြတ် နံနက်ယံ၌တကောင်၊ ညဦးယံ၌တကောင်ကို ပူဇော်ရမည်။

40 သိုးသငယ်တကောင်ကိုပူဇော်သောအခါ၊ သံလွင်သီးကိုထောင်း၍၊ ရသော သံလွင်ဆီသုံးလောဃနှင့်ရောသော မုန့်ညက်တဩမဲကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည်သုံးလောဃကို၎င်း၊ သိုးသငယ်နှင့်အတူ ပူဇော်ရမည်။

41 အခြားသောသိုးသငယ်ကို ညဦးယံ၌ ပူဇော်သောအခါ၊ နံနက်ယံ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာပါသည်နည်းတူပါလျက်၊ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာပြုရမည်။

42 ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် သင်နှင့် ငါတွေ့၍ နှုတ်ဆက်ရာအရပ်၊ ထာဝရဘုရားရှေ့တော်၌၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ အစဉ်မပြတ်မီးရှို့သောယဇ်ကို ပူဇော်ရကြမည်။

43 ထိုအရပ်၌ ဣသရေလအမျိုးသားတို့နှင့်ငါတွေ့၍၊ ငါ့ဘုန်းတော်အားဖြင့် သူတို့ကိုသန့်ရှင်းစေမည်။

44 ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှါ၊ အာရုန်နှင့် သူ၏သားတို့ကို၎င်း၊ ပရိသတ်စည်းဝေးရာတဲတော်ကို၎င်း၊ ယဇ်ပလ္လင်ကို၎င်း၊ ငါသန့်ရှင်းစေမည်။