ထွက်​မြောက် 30:10-16 BJB

10 အာရုန်သည် တနှစ်တခါအပြစ်ဖြေရာယဇ်ကောင်းအသွေးကိုယူ၍၊ ထိုပလ္လင်၏ ဦးချိုတို့၌ အပြစ်ဖြေခြင်းမင်္ဂလာကိုပြုရမည်။ သင်တို့သားစဉ်မြေးဆက်တို့သည် တနှစ်တခါ ထိုသို့ပြုရကြမည်။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သည်။

11 တဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊

12 ဣသရေလအမျိုးသားတို့ကို ရေတွက်၍စာရင်းယူသောအခါ၊ ဘေးလွတ်မည်အကြောင်းရှိသမျှတို့သည် အသီးအသီးမိမိအသက်ရွေးရန် အဘိုးကို ထာဝရဘုရားအားဆက်ကပ်ရမည်။

13 ရေတွက်၍ စာရင်းဝင်သောသူအပေါင်းတို့သည် အကျပ်တော်အလိုက်၊ ငွေအကျပ်တဝက်စီ ထာဝရဘုရားအားဆက်ကပ်ရမည်။ အကျပ်ကား၊ ဂေရ နှစ်ဆယ်ဖြစ်သတည်း။

14 အသက်နှစ်ဆယ်မှစ၍၊ ပိုလွန်သောသူအပေါင်းတို့သည် စာရင်းဝင်၍၊ ထိုသို့သောပူဇော်သက္ကာကို ထာဝရဘုရားအားပြုရမည်။

15 ကိုယ်အသက်ကိုရွေးခြင်းငှါ၊ ထာဝရဘုရားအား ပူဇော်သက္ကာကိုပြုသောအခါ၊ ငွေရတတ်သောသူတို့သည် မပို၊ ဆင်းရဲသောသူတို့သည်မလျှော့ဘဲ၊ လူတိုင်း အကျပ်တဝက်စီပေးရမည်။

16 ဣသရေလအမျိုးသားတို့၏ အရွေးငွေကိုယူ၍ သူတို့အသက်ကိုရွေးခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ ဣသရေလအမျိုးသားတို့၏ သက်သေဖြစ်ရမည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်စရိတ်အဘို့အလိုငှာ ထားရမည်ဟုမိန့်တော်မူ၏။