ထွက်​မြောက် 30:5-11 BJB

5 ထမ်းဘိုးတို့ကို အကာရှသားနှင့်လုပ်၍ ရွှေနှင့်မွမ်းမံခံရမည်။

6 ငါသည် သင်နှင့်တွေ့ရာအရပ်၊ သက်သေခံချက်ထားသောသေတ္တာကို ကာသော ကုလားကာရှေ့၌ ထိုပလ္လင်ကိုထားရမည်။

7 အာရုန်သည် နံနက်တိုင်း မီးခွက်တို့ကိုပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေးသော နံ့သာပေါင်းကိုရှို့ရမည်။

8 ညဦးယံ၌လည်း မီးခွက်တို့ကိုထွန်းသောအခါ၊ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည်။ ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အမြဲပြုရသော နံ့သာပေါင်းရှို့ခြင်းဖြစ်သတည်း။

9 ထိုပလ္လင်ပေါ်မှာထူးခြားသော နံ့သာပေါင်းကိုမရှို့ရ။ မီးရှို့သောယဇ်ကိုမပြုရ။ ဘောဇဉ်ပူဇော်သက္ကာကိုလည်းမပြုရ။ သွန်းလောင်းရာ ပူဇော်သက္ကာကိုလည်းမပြုရ။

10 အာရုန်သည် တနှစ်တခါအပြစ်ဖြေရာယဇ်ကောင်းအသွေးကိုယူ၍၊ ထိုပလ္လင်၏ ဦးချိုတို့၌ အပြစ်ဖြေခြင်းမင်္ဂလာကိုပြုရမည်။ သင်တို့သားစဉ်မြေးဆက်တို့သည် တနှစ်တခါ ထိုသို့ပြုရကြမည်။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သည်။

11 တဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊