ထွက်​မြောက် 30:8-14 BJB

8 ညဦးယံ၌လည်း မီးခွက်တို့ကိုထွန်းသောအခါ၊ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည်။ ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အမြဲပြုရသော နံ့သာပေါင်းရှို့ခြင်းဖြစ်သတည်း။

9 ထိုပလ္လင်ပေါ်မှာထူးခြားသော နံ့သာပေါင်းကိုမရှို့ရ။ မီးရှို့သောယဇ်ကိုမပြုရ။ ဘောဇဉ်ပူဇော်သက္ကာကိုလည်းမပြုရ။ သွန်းလောင်းရာ ပူဇော်သက္ကာကိုလည်းမပြုရ။

10 အာရုန်သည် တနှစ်တခါအပြစ်ဖြေရာယဇ်ကောင်းအသွေးကိုယူ၍၊ ထိုပလ္လင်၏ ဦးချိုတို့၌ အပြစ်ဖြေခြင်းမင်္ဂလာကိုပြုရမည်။ သင်တို့သားစဉ်မြေးဆက်တို့သည် တနှစ်တခါ ထိုသို့ပြုရကြမည်။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သည်။

11 တဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊

12 ဣသရေလအမျိုးသားတို့ကို ရေတွက်၍စာရင်းယူသောအခါ၊ ဘေးလွတ်မည်အကြောင်းရှိသမျှတို့သည် အသီးအသီးမိမိအသက်ရွေးရန် အဘိုးကို ထာဝရဘုရားအားဆက်ကပ်ရမည်။

13 ရေတွက်၍ စာရင်းဝင်သောသူအပေါင်းတို့သည် အကျပ်တော်အလိုက်၊ ငွေအကျပ်တဝက်စီ ထာဝရဘုရားအားဆက်ကပ်ရမည်။ အကျပ်ကား၊ ဂေရ နှစ်ဆယ်ဖြစ်သတည်း။

14 အသက်နှစ်ဆယ်မှစ၍၊ ပိုလွန်သောသူအပေါင်းတို့သည် စာရင်းဝင်၍၊ ထိုသို့သောပူဇော်သက္ကာကို ထာဝရဘုရားအားပြုရမည်။