ထွက်​မြောက် 32:26-32 BJB

26 တပ်တံခါးဝမှာရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့ လာစေဟုဆိုလျှင်၊ လေဝိအမျိုးသားအပေါင်းတို့သည် သူ့ထံ၌စည်းဝေးကြ၏။

27 မောရှေကလည်း၊ လူတိုင်းထားလွယ်လျက် တပ်တမျက်နှာတံခါးမှ တမျက်နှာ တံခါးတိုင်အောင်ထုတ်ချင်းခပ်သွား၍၊ အသီးအသီး မိမိညီအစ်ကို၊ မိမိအပေါင်းအဘော်၊ မိမိအိမ်နီးချင်းကိုသတ်စေဟု ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားအမိန့်ရှိတော်မူသည်ဟု၊

28 မောရှေစီရင်သည်အတိုင်း၊ လေဝိအမျိုးသားတို့သည်ပြု၍၊ ထိုနေ့၌ လူသုံးထောင်လောက်သေကြ၏။

29 တဖန်မောရှေက၊ ထာဝရဘုရားသည် ယနေ့ကောင်းကြီးပေးတော်မူစေခြင်းငှါ၊ သင်တို့သည် အသီးအသီးကိုယ်သား၊ ကိုယ်ညီအစ်ကိုကိုထိခိုက်သောအားဖြင့်၊ သင်တို့သည် ယနေ့ကိုယ်ကိုချီးမြှောက်ကြပြီဟု ဆိုလေ၏။

30 နက်ဖြန်နေ့၌လည်း၊ သင်တို့ပြစ်မှားသောအပြစ်ကြီးလှ၏။ ယခုမှာ ထာဝရဘုရားအထံတော်သို့ ငါတက်သွား၍၊ သင်တို့အပြစ်ဖြေနိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေသည် လူများတို့အားဆိုပြီးမှ၊

31 ထာဝရဘုရားအထံတော်သို့ပြန်သွား၍၊ အိုဘုရားသခင်၊ ဤလူတို့သည် ပြစ်မှားသော အပြစ်ကြီးလှပါ၏။ မိမိတို့အဘို့ ရွှေဘုရားကိုလုပ်ပါပြီ။

32 သို့သော်လည်း သူတို့အပြစ်ကိုလွှတ်ခြင်းငှါ အလိုတော်ရှိလျင် လွှတ်တော်မူပါ။ သို့မဟုတ်၊ ကိုယ်တော်စီရင်တော်မူသောစာရင်း၌ အကျွန်ုပ်နာမကိုချေတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏လျှောက်လျှင်၊