ထွက်​မြောက် 32:5-11 BJB

5 အာရုန်သည် ထိုအမှုကိုသိမြင်လျှင်၊ ရုပ်တုရှေ့မှာယဇ်ပလ္လင်ကိုတည်၍၊ နက်ဖြန်နေ့သည် ထာဝရဘုရားအဘို့ပွဲခံရသောနေ့ဖြစ်သည်ဟု တပ်ကိုလည်၍ ကြော်ငြာစေ၏။

6 နက်ဖြန်နံနက်စောစော လူတို့သည်ထ၍၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ပြီးမှ၊ စားသောက်လျက်ထိုင်နေကြ၏ နောက်တဖန်ကခုန်မြူးထူးခြင်းငှါ ထကြ၏။

7 ထာဝရဘုရားက၊ သင်သည်ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏လူတို့သည်ဖောက်ပြန်ကြပြီ။

8 ငါမှာထားသောလမ်းမှ အလျင်အမြန်လွှဲသွား၍၊ နွားသငယ်ရုပ်ကိုသွန်းပြီးလျှင်၊ အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ဘုရားဖြစ်တော်မူ၏ဟုဆိုလျက်၊ ရုပ်တုရှေ့မှာယဇ်ပူဇော်ကိုးကွယ်ကြပြီဟူ၍၎င်း၊

9 ဤလူမျိုးကိုငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသောအမျိုးဖြစ်၏။

10 သို့ဖြစ်၍ငါ့ကိုရှိစေတော့။ ငါသည်အမျက်ပြင်းစွာထွက်၍ သူတို့ကို ဖျက်ဆီးမည်။ သင့်ကိုကား ကြီးသောအမျိုးဖြစ်စေမည်ဟူ၍၎င်း၊ မောရှေအား မိန့်တော်မူ၏။

11 မောရှေကလည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးအားကြီးသောလက်နှင့် အဲဂုတ္တုပြည်မှနှုတ်ဆောင်ခဲ့သော ကိုယ်တော်၏ လူတို့ကို၊ အဘယ်ကြောင့် အမျက်ပြင်းစွာထွက်တော်မူသနည်း။