ထွက်​မြောက် 33:1-4 BJB

1 တဖန်ထာဝရဘုရားက၊ သင်မှစ၍ အဲဂုတ္တုပြည်မှသင်နှုတ်ဆောင်ခဲ့သောလူတို့၊ ဤအရပ်မှထွက်၍ သင်၏အမျိုးအနွယ်အားငါပေးမည်ဟု အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၌ ငါကျိန်ဆိုသောပြည်သို့သွားကြလော့။

2 ကောင်းကင်တမန်ကိုလည်း သင်တို့ရှေ့သို့ငါစေလွှတ်၍၊ သူသည်ခါနနိလူ၊ အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ကိုနှင်ထုတ်၍၊

3 နို့နှင့် ပျားရည်စီးသောပြည်သို့ သင်တို့ကိုပို့ဆောင်လိမ့်မည်။ သင်တို့နှင့်အတူ ငါကိုယ်တိုင်မသွား။ သင်တို့သည် လည်ပင်းခိုင်မာသောလူမျိုးဖြစ်သောကြောင့်၊ လမ်း၌သွားစဉ် သင်တို့ကိုငါဖျက်ဆီးမည် စိုးရိမ်စရာရှိသည်ဟု မောရှေအား မိန့်တော်မူ၏။

4 ထိုမကောင်းသောသိတင်းကို လူများတို့သည်ကြားသောအခါ၊ ငိုကြွေးမြည်တမ်းလျက်၊ အဘယ်သူမျှတန်ဆာမဆင်ဘဲနေကြ၏။