ထွက်​မြောက် 34:13-19 BJB

13 သူတို့ယဇ်ပလ္လင်များကိုဖျက်ဆီးရမည်။ သူတို့ရုပ်တုဆင်းတုများကို ချိုးဖဲ့ရမည်။ သူတို့အာရှရပင်များကို ခုတ်လှဲရမည်။

14 အခြားသောဘုရားကို သင်သည်မကိုးကွယ်ရ။ အပြစ်ရှိယုံလွယ်အမည်ရှိသော ထာဝရဘုရားသည် အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရားသခင်ဖြစ်တော်မူ၏။

15 သင်သည် ထိုပြည်သူပြည်သားတို့နှင့် မိဿဟာယဖွဲ့သဖြင့်၊ သူတို့သည် မိမိတို့ဘုရားနှင့် မှားယွင်းခြင်းကိုပြု၍၊ ထိုဘုရားတို့အားယဇ်ပူဇော်သောအခါ၊ သင့်ကို ခေါ်၍ သင်သည်ထိုယဇ်ကောင်ကိုစားမည်ဟူ၍၎င်း၊

16 သင်သည် သူတို့သမီးများကိုယူ၍၊ ကိုယ်သားတို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီးတို့သည် မိမိတို့ဘုရားနှင့် မှားယွင်းခြင်းကိုပြု၍ သင်၏သားတို့ကို ထိုဘုရားတို့နှင့် မှားယွင်းစေမည်ဟူ၍၎င်းစိုးရိမ်စရာရှိ၏။

17 သင်သည် ကိုယ်အဘို့သွန်းသောဘုရားတို့ကို မလုပ်ရ။

18 သင်သည်အဗိဗလ၌ အဲဂုတ္တုပြည်မှထွက်သောကြောင့်၊ ငါပညတ်သည်အတိုင်း၊ အဗိဗလတွင် ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစား၍ အဇုမပွဲကိုခံရမည်။

19 သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သင်၏တိရစ္ဆာန်တို့တွင်လည်း၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ သားဦးအပေါင်းတို့သည်ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင်၊ မြည်းသားဦးကို သိုးသငယ်နှင့် ရွေးယူရမည်။