ထွက်​မြောက် 34:17-23 BJB

17 သင်သည် ကိုယ်အဘို့သွန်းသောဘုရားတို့ကို မလုပ်ရ။

18 သင်သည်အဗိဗလ၌ အဲဂုတ္တုပြည်မှထွက်သောကြောင့်၊ ငါပညတ်သည်အတိုင်း၊ အဗိဗလတွင် ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစား၍ အဇုမပွဲကိုခံရမည်။

19 သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သင်၏တိရစ္ဆာန်တို့တွင်လည်း၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ သားဦးအပေါင်းတို့သည်ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင်၊ မြည်းသားဦးကို သိုးသငယ်နှင့် ရွေးယူရမည်။

20 မရွေးလိုလျှင်၊ မြည်းသငယ်၏လည်ပင်းကိုချိုးရမည်။ သင်၏သားဦးအပေါင်းတို့ကိုရွေးရမည်။ ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။

21 ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ လယ်လုပ်ရာကာလ၊ အသီးအနှံသိမ်းရာကာလဖြစ်သော်လည်း၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။

22 ဂျုံစပါးကိုသိမ်းစရှိသည်ကာလ ခုနစ်သိတင်းပွဲကို၎င်း၊ နှစ်လဲသောအခါ သိုထားပွဲကို၎င်းခံရမည်။

23 သင်တို့ အမျိုးသားယောက်ျားအပေါင်းတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော ထာဝရအရှင်ဘုရားသခင့်ရှေ့တော်၌ တနှစ်လျှင် သုံးကြိမ်မျက်နှာပြရကြမည်။