ထွက်​မြောက် 34:20-26 BJB

20 မရွေးလိုလျှင်၊ မြည်းသငယ်၏လည်ပင်းကိုချိုးရမည်။ သင်၏သားဦးအပေါင်းတို့ကိုရွေးရမည်။ ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။

21 ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ လယ်လုပ်ရာကာလ၊ အသီးအနှံသိမ်းရာကာလဖြစ်သော်လည်း၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။

22 ဂျုံစပါးကိုသိမ်းစရှိသည်ကာလ ခုနစ်သိတင်းပွဲကို၎င်း၊ နှစ်လဲသောအခါ သိုထားပွဲကို၎င်းခံရမည်။

23 သင်တို့ အမျိုးသားယောက်ျားအပေါင်းတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော ထာဝရအရှင်ဘုရားသခင့်ရှေ့တော်၌ တနှစ်လျှင် သုံးကြိမ်မျက်နှာပြရကြမည်။

24 တပါးအမျိုးသားများကို သင်တို့ရှေ့ကငါနှင်ထုတ်၍၊ သင်တို့နေရာနယ်ကို ငါ ကျယ်စေမည်။ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တနှစ်တွင် သုံးကြိမ် မျက်နှာပြသွားသောအခါ၊ သင်၏မြေကို အဘယ်သူမျှမတပ်မက်ရ။

25 ငါ့ယဇ်ကောင်အသွေးကို တဆေးနှင့်ရော၍ မပူဇော်ရ။ ပသခါပွဲယဇ်ကောင်ကို၊ နံနက်တိုင်အောင်မကြွင်းစေရ။

26 သင်၏မြေ၌အဦးသီးသော အသီးအနှံအကောင်းဆုံးကို သင်၏ ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်ထဲသို့ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။