ထွက်​မြောက် 35:12-18 BJB

12 သေတ္တာနှင့် သူ၏ထမ်းဘိုး၊ သေတ္တာအဖုံး၊ ကာရသောကုလားကာကို၎င်း၊

13 စားပွဲနှင့် သူ၏ထမ်းဘိုး၊ သူ၏တန်ဆာရှိသမျှနှင့် ရှေ့တော်မုန့်ကို၎င်း၊

14 မီးထွန်းစရာဘို့မီးခုံနှင့် သူ၏တန်ဆာ၊ မီးခွက်များ၊ မီးထွန်းစရာဆီကို၎င်း၊

15 နံ့သာပေါင်းရှို့သောပလ္လင်နှင့် သူ၏ထမ်းဘိုး၊ လိမ်းရန်ဆီ၊ မွှေးသော နံ့သာပေါင်း၊ တဲတော်တံခါးဝကာရန် ကုလားကာကို၎င်း၊

16 မီးရှို့ရာယဇ်ပူဇော်သောပလ္လင်နှင့် ကြေးဝါဆန်ခါ၊ ထမ်းဘိုး၊ တန်ဆာရှိသမျှ၊ အင်တုံနှင့် ခြေထောက်ကို၎င်း၊

17 တဲတော်ဝင်းကုလားကာ၊ တိုင်၊ ခြေစွပ်၊ ဝင်းတံခါးဝကာစရာ ကုလားကာကို၎င်း၊

18 တဲတော်တံသင်၊ ဝင်းတံသင်ကြိုးများကို၎င်း၊