ထွက်​မြောက် 35:19-25 BJB

19 သန့်ရှင်းရာဌာန၌ အမှုတော်ကိုထမ်းစရာအဝတ် ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ ယဇ်ပုရောဟိတ်အာရုန်နှင့် သူ၏သားဝတ်၍ သန့်ရှင်းသော အဝတ်ကို၎င်း၊ ထာဝရဘုရားမှာထားတော်မူသမျှအတိုင်း လုပ်ရကြမည်ဟုဆင့်ဆို၏။

20 ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ မောရှေထံမှထွက်သွားကြ၍၊

21 မိမိစိတ်နှလုံးနှိုးဆော်သောသူ၊ ကြည်ညိုသောစေတနာစိတ်သဘောရှိသော သူအပေါင်းတို့သည် ပရိသတ်စည်းဝေးရာတဲတော်လုပ်ဘို့၎င်း၊ အမှုတော်ထမ်းစရာဘို့၎င်း၊ သန့်ရှင်းသောအဝတ်ကို၎င်း၊ ထာဝရဘုရားအား လှူသောအလှူကိုဆောင်လျက် လာကြ၏။

22 ကြည်ညိုသောစေတနာစိတ်ရှိသော ယောက်ျားမိန်းမတို့သည်၊ လက်ကောက်၊ နားတောင်း၊ လက်စွပ်၊ နှာခေါင်းဘူး၊ ရွှေတန်ဆာရှိသမျှကိုဆောင်ခဲ့သဖြင့်၊ လှူသောသူ အသီးအသီးတို့သည်၊ ထာဝရဘုရားအားရွှေကိုလှူကြ၏။

23 ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး၊ အနီဆိုးသောသိုးရေ၊ တဟာရှသားရေရှိသောသူတိုင်းဆောင်ခဲ့၏။

24 ငွေနှင့် ကြေးဝါကိုလှူသောသူတိုင်း ထာဝရဘုရားအားလှူလေ၏။ အမှုတော်နှင့်ယှဉ်သောအလုပ်လုပ်စရာဘို့ အကာရှသစ်သားရှိသောသူတိုင်းလည်း ဆောင်ခဲ့လေ၏။

25 ရက်ကန်းတတ်သောမိန်းမအပေါင်းတို့လည်း၊ ကိုယ်လက်နှင့်ရက်၍၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောရက်သမျှကို ဆောင်ခဲ့ကြ၏။